
စာမရေးဖြစ်တာ ကြာလှပေါ့။ အသစ်မရှိပေမဲ့ စိတ်ကူးပေါက်တိုင်း လာလာလည်ပြီး စီဗုံးမှာ မမောတမ်း အော်နေတဲ့ ချစ်သူငယ်ချင်းလေးတွေကို ချော့တဲ့ အနေနဲ့  စားစရာလေးနဲ့ မျှားလိုက်တယ်နော်။ ရုံးပိတ်ရက်က လုပ်စားဖြစ်တဲ့ သနပ်စုံလေး တင်ပေးလိုက်တယ်။ သနပ်စုံ လေးကို ငံပြာရည်ချက်လေးရယ်( ငံပြာရည်ချက်ကတော့ တူးသွားလို့  တင်မပေးတော့ဘူး) ပဲဟင်းလေးရယ်နဲ့  စားရင် ကောင်းမှကောင်း ( အသားဟင်းတောင် မလိုတော့ဘူး)
အမှန်တကယ်တော့ ဒီထက်ပိုပြီး စုံစုံလင်လင် ချဉ်ပေါင်ရွက်၊ သခွားသီး၊ မုန်လာဥဖြူ တို့ ပါရင် ပိုကောင်းတာပေါ့၊ အခုတော့ ရှိတာလေးနဲ့ ပဲ ဖြစ်အောင်လုပ်ထားရတာ။ ဘယ်လိုလုပ်သလဲဆိုရင်တော့ မန်းကျည်းမှည့်ရယ် ၊ ဆနွင်းလေးရယ်ထည့်ပြီး အသီးအရွက် တွေကို တခုချင်း အရင်ပြုတ်ပါတယ်။ အချဉ်စူးစူးကြိုက်ရင်တော့ ရှာလကာရည်သုံးပေါ့နော် ၊ မန်ကျည်းမှည့်ကတော့ အချဉ်ထိန်းထာပေါ့။
ပြီးရင် ပန်းကန်လုံးလေး တခုထဲမှာ ဆီချက်ရယ်၊ ငံပြာရည်ရယ်၊ နှမ်းရည် လိုသလောက်လေးရောပြီး ခုနက ပြုတ်ထားတဲ့ အရွက်တွေကို တခုချင်းထည့်ပြီး နယ်လိုက်ပါ ( နယ်တယ်ဆိုတာထက် နှစ်လိုက်တာဆိုပိုမှန်မလား )။ ပဲပင်ပေါက်ကိုတော့ နောက်ဆုံးမှ ထည့်နယ်ပေါ့ သူက ဆီထဲထည့်နှစ်ပြီး နယ်လိုက်ရင် ပြန်ဆယ်ရတာ ခက်တော့ ကျန်တာတွေကို အရင်နယ်တာ ပိုအဆင်ပြေပါတယ်။ ပြီးရင် အပေါ်ကနေ ခုနက ဆီချက်ထဲက ကြက်သွန်နီလေးတွေ ဖြူးပြီး စားဖို့ အသင့်။
( လင်းလဲ သူများကို မေးပြီး လုပ်တာဆိုတော့ ချက်နည်း ရေးတာ သိပ်အဆင်မပြေလှပါ )
Wednesday, August 5, 2009
သနပ်စုံ
Posted by လင်း at 2:11 AM 19 comments
Labels: စားသောက်ဖွယ်ရာ
Wednesday, May 27, 2009
တွေ့ ချင်တဲ့ ၁၀ ယောက် +
မခင်မင်းဇော်က တွေ့ ဘူးချင်တဲ့ ၁၀ ယောက်တဲ့။ ဒိဘလော့ ကမ္ဘယကြီးထဲမှာ တစ်ယောက်နဲ့ တစ်ယောက် အရောင်တွေ မပါဘဲ ခင်မင် သံယောဇဥိတွေ တွေနေကြတာ ( တစ်ယောက်နဲ့ တစ်ယောက် လူချင်းမမြင်ဘူးတာ က ပိုများကြပါတယ်) ။ အပြင်လောကမှာလို့  အပြိုင်အဆိုင်တွေလုံးဝမပါ၊ သူဘာကားစီးတယ်တို့  ၊ သူ့ ၀င်ငွေက ဘယ်လောက်ကောင်းတယ်တို့  အဲဒါမျိုးတွေ လုံးဝမပါဝင်ဘဲ တကယ့်ကို ပျော်ဖို့ ကောင်းတဲ့ ကမ္ဘာလေး၊ ပျော်စရာတွေ ရေးရင် ၀ိုင်းပျော်ပေး၊ စိတ်ညစ်စရာတွေဆိုရင် ၀ိုင်းဝန်းဖေးမနဲ့  လေ။
အဲလို စာတွေက တဆင့် ခင်မင်ရင်းနှိးလာတဲ့ သူတွေထဲ တွေ့ ချင်တဲ့ သူတွေ စရင်းလုပ်ရရင်တော့ ၁၀ယောက်တောင် ကမယ်မထင်ပါဘူး။ စဉ်းစားလိုက်တော့ ဟိုလူလဲ တွေ့ ဖူးချင် ဒီလူလဲ မြင်ဖူးချင်နဲ့ ။ အဟမ်းအဟမ်း အရင်ဆုံးစပြောရရင်တော့
ဘလောဂါတွေ ရဲ့  အသည်းကျော်လေး မမိုးချိုသင်းကို တွေ့ ဖူးချင်ပါသည်။ ဘာလေးရေးရေး ဖတ်လို့ ကောင်းအောင်ရေးတတ်ပြီး၊ ရယ်ရတာလဲ အရမ်းမို့  အရမ်းအရမ်းကို တွေ့ ဖူးချင်တာပါဘဲရှင် ( ဂျမ်းကို လုံးဝမနာလိုဘူး)
ဆရာမ မေငြိမ်းကိုလည်းတွေ့ ဖူးချင်တာပဲ။ ဆရာမရဲ့ ပကတိမြားကို စဖတ်ဖူးထဲက အမာခံ ပရိသတ်ဖြစ်ခဲ့တာ၊ ဘလော့စရေးတော့ ဆရာမဆီက ကွန်မင့်ကို လိုချင်တာ တပိုင်းကိုသေရော၊ နောက်တော့ ဆရာမဘလော့မှာ ဆရာမဆီက ကွန်မင့်ရရင် သေပျော်ပါပြီဆိုပြီး သွားအော်တော့ ဆရာမကွန်မင့် လာပေးတယ်။ ခုထိလဲ တခါတလေ လာပြီး ကွန်မင့်လေးတွေ ပေးနေတုန်း။ ဆရာမနဲ့ တွေ့ ရင် လင်းကို စာရေးတတ်အောင် သင်ပေးဘို့ ပူဆာရမယ် ချစ်ကိုယ်တွေ့ ဝထ္ထုရေးချင်လို့ ၊ ၀ထ္ထု ထုပ်ရင် အားလုံးတစ်ယောက်တစ်အုပ် မ၀ယ်မနေရ။
လက်နက်ကြီးနဲ့  ထုလိုက်မယ်ဆိုတဲ့ မခင်မင်းဇော် နဲ့ လဲ တွေ့ ချင်တယ်။ ဘ၀အတွေ့ အကြုံတွေ များလွန်းတဲ့  မခင်မင်းဇော်ကို ကိုယ်တိုင်တွေ့ ပြီး စပ်စုချင်သေးတာ။
ကဗျာတွေ အရေးကောင်းတဲ့ အနောက်ဖက်ကမ်း ဘူတာရုံက မဟန်နီနဲ့ လဲ တွေ့ ချင်တယ်။
ဟင်းချက်ကောင်းတဲ့ သူစိမ်းတွေကြားက နိနိလေးရယ် ၊ နိနိကို သိပ်ချစ်တဲ့ ကိုနိရယ် အဲဒိနိမောင်နှံကိုလဲ တွေ့ ချင်တယ်။
သိုင်းဝထ္ထုတွေ ရေးကြရင်း သိုင်းမောင်နှမတွေ ဖြစ်သွားကြတဲ့ ဇီးကွက်၊ နှင်းပွင့်၊ ရွှန်းတီ နဲ့ လူဂွစာကြီး ဒရမ်း ( ဇူလိုင်အိမ်မက်) သူတို့ ကိုလဲ တွေ့ ချင်တယ်။
အခုတလော အိမ်မက်တွေ စွတ်စွတ်မက်နေတဲ့ ဓါတ်ပုံဆရာ တောင်တက်သမား မောင်ပီတိကိုလဲ တွေ့ ချင်တယ်။ လူမမြင်ဘူးသေးဘဲနဲ့ တောင် ခနခနသတ်နေရတာ တွေ့ ဖူးတဲ့နေကြရင်တော့ သူသေကိုယ်သေပဲ ထင်ပါ့။
စာရေးဆရာမ ချောချောလေး မနော်ကိုလဲ တွေ့ ဖူးချင်တာဘဲ။
အိမ်ပေါ်က ဆင်းသွားပြီ လိုက်မရှာပါနဲ့ လို့  အမြဲပြောတတ်တဲ့ မမကွမ် ( မခင်ဦးမေ) ကိုလဲ တွေ့ ချင်တယ်။
သူ့ ကို မတွေ့ ရခင် သူ့ အိမ်ကို အရင်သွားလည်ခိုင်းတဲ့ ပေါက်စ် ကိုလဲ တွေ့ ဖူးချင်စ် တယ်။
စာအရေးကောင်းတဲ့ ပန်ဒိုရာ ကို သိပ်တော့လဲ မရင်းနှီးပေးမဲ့ တွေ့ ဖူးချင်တယ်။ စိတ်ဝင်စားလို့  ပီတိကို ခနခန သွားသွားမေးမိကြောင်း။
ဘလော့မှာ တခုခုပြောင်းချင်တိုင်း အနှိပ်စက်ခံရတဲ့ မှော်ဆရာကိုလဲ လူကိုယ်တိုင် ကျေးဇူးတင်ကြောင်း ပြောဖို့ တွေ့ ချင်တာ အခုတော့ သူက အွန်လိုင်းတောင် မလာတော့ဘူး ကြောက်လို့ ပုန်းနေလေရဲ့ ။ ( ခိုင်းလွန်းလို့ ထင်ပါရဲ့ )။
မခင်ဦးမေ စီဗုံးကနေ တဆင့်ခင်သွားတဲ့  စင်စင် ၊ မသဂီ ၊ ကာကာ ၊ ဆရာဘ၊ သူတို့ တွေ ကိုလဲ တွေ့ ဖူးချင်တာဘဲ။
အတွေးရပ်ဝန်းက အတွေးတွေဝေနေတဲ့ ဆုဝေကိုလဲ တွေ့ ချင်တယ်။
ကျန်သေးတယ် နဂိုထဲက သိနေတာဆိုပေမဲ့ ဘလော့စရေးမှ လုံးဝပြန်မဆုံရသေးတဲ့ မရွှေဂျမ်းးးး ကိုလည်း တွေ့ ချင်ပါကြောင်း။
tag ကြွေးတခုတော့ ဆပ်ပြီးပြီ။ မနော်ရေ အကြွေးဆက်မှတ်ထားအုန်းနော် ။ မကြာမှီဆပ်မည် မျှော်။
Posted by လင်း at 9:54 AM 14 comments
Labels: tag
Tuesday, May 5, 2009
့ပြန်ရောက်ပြီ
လင်းတစ်ယောက် ရန်ကုန်ပြန်သွားရာက ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း။ သို့ သော်လည်း စာမရေးတာ ကြာပြီဖြစ်သောကြောင့် ဘယ်လို က ဘယ်လိုစပြီး ပြန်ရေးရမည် ကို မသိတော့ကြောင်း။ မကြာခင်မှာ ကျိုးစားပြီး အတွေ့ အကြုံတွေ ကို ပြန်လည် ဖောက်သည်ချသွားမည် ဖြစ်ကြောင်း ( ဟိ သတင်းစာ ဖတ်တာ များသွားလို့ ပါ)
ကင်မရာကလည်း ပျောက်သွားတော့ စားစရာတွေတော့ ဝေေ၀ဆာဆာ တင်နိုင်တော့မယ်မထင် ။ ( မမကွမ်က ပြည့်ပြည့်စုံစုံ တင်ပြီး သွားပြီ ဆိုတော့လဲ လိုတော့ပါဘူးလေ)။ ခုတော့ မောနေလို့  အသစ်တင်ဘို့  အားယူရအုန်းမယ် ( ပျင်းတာလဲ ပါတာပေါ့လေ)
ခုတော့ ဒီစာတိုလေးနဲ့  သတင်းပါးပါတယ်။ ပြန်ရောက်ပါပြီလို့ 
Posted by လင်း at 6:37 PM 11 comments
Labels: ခရီးသွားခြင်း
Tuesday, March 24, 2009
ဟိုဟာဒီဟာ ဘာဘာညာညာ
ပြန်ရင်းစားဖို့ စရင်းလုပ်ထားလေးတွေ ကောင်းတာလေးတွေ ရှိရင်လဲ လမ်းညွှန်ကြပါ။ စရင်းတို့ သွားပါ။
- အင်းယားလမ်း မဖြူမုန့် ဟင်းခါး
မင်းလမ်း အာပူလျှာပူ
တရုတ်တန်းက ၀က်သားတုတ်ထိုး
လသာလမ်း ကြေးအိုး
ဦးကျောက်အုန်းနို့ ခေါက်ဆွဲ (ရောင်းသေးရဲ့ လားတောင်မသိ သူကတနင်္ဂနွေတရက်ပဲဖွင့်တာ)
ကျောက်မြောင်းက ပုဇွန်ခွက်ကြော်သုတ်
စွမ်းစွမ်းက တို့ ဖူးနွေး
Happy က ရှမ်းထမင်းချဉ်
လေဆိပ်လမ်းက ရှမ်းခေါက်ဆွဲ
Fuji က ပြည်ထမင်းသုတ်
မြေနီကုန်းက ကြာဇံသုတ်၊ ခေါက်ဆွဲသုတ် ( အချဉ်ရေ အနီရောင်နဲ့ သုတ်တာ)
ရွှေညောင်ပင် ကြက်သားသုတ်
ရွှေပင်လယ်က အာလူးထောင်း ၊ ဂေါ်ရခါးညွှန့် ကြော်
ခုတ်ဖူက ၀က်အူနုကြော်၊ အာလူးထောင်းချဉ်ရည်
ခွေးနီက အသားကင် ၊ အခေါက်ကင်
မနာလို မဖြစ်ကြပါနဲ့ ၊ ရန်ကုန်ပြန်ပြီး ၀ါတီးပေးတော့မယ်။ လွမ်းနေကြပါ၊ ပြန်လာရင် ဓါတ်ပုံလေးတွေနဲ့ သွားရေကျအောင်လုပ်ပါမယ်။
Posted by လင်း at 4:02 PM 19 comments
Labels: ရောက်တတ်ရာရာ
Thursday, March 12, 2009
ကင်ပွန်းချဉ်ရွက်စပ်ချဉ်ဟင်း
အသစ်လဲ မရေးဖြစ်တဲ့ တူတူတော့ ရှိတာလေးနဲ့ ကြံဖန်ပြီး အသစ်ဖြစ်အောင် တင်လိုက်ပါတယ်။

Posted by လင်း at 5:02 PM 13 comments
Labels: စားသောက်ဖွယ်ရာ
